Logo
Monday, November 9, 2026
Back to Home
International News

ဇယ်လန်စကီးနှင့် ထရမ့် ယနေ့ နယူးယောက်တွင် တွေ့ဆုံမည်

By Admin•September 22, 2026
ဇယ်လန်စကီးနှင့် ထရမ့် ယနေ့ နယူးယောက်တွင် တွေ့ဆုံမည်

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် စက်တင်ဘာ ၂၂ ရက်တွင် နယူးယောက်မြို့၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း ယူကရိန်းသမ္မတရုံး သတင်းရင်းမြစ်ကို ကိုးကား၍ Suspilne သတင်းဌာနက ဖော်ပြထားပါတယ်။

တွေ့ဆုံရာတွင် ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် သံတမန်ရေးဆိုင်ရာ နောက်ထပ်ခြေလှမ်းများ၊ စွမ်းအင်ကဏ္ဍနှင့် စစ်ပွဲအဆုံးသတ်ရေးအတွက် ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်းများကို ဆွေးနွေးဖွယ်ရှိပါတယ်။

ထို့အပြင် ဇယ်လန်စကီးနှင့် ထရမ့်တို့သည် အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်နှင့် ထရမ့်၏ သားမက်ဖြစ်သူ ဂျာရက် ကူရှ်နာတို့နှင့် ယခင်တွေ့ဆုံဆွေးနွေးခဲ့မှုများကိုလည်း ပြန်လည်ဆွေးနွေးမယ်လို့ သိရပါတယ်။

ယူကရိန်းအတွက် ဆောင်းရာသီကာလ အထောက်အပံ့အစီအစဉ်မှာလည်း ဆွေးနွေးမည့် အဓိကအကြောင်းအရာတစ်ခုဖြစ်ပြီး ကိယက်ဗ်ဘက်က လေကြောင်းရန်ကာကွယ်ရေးပစ္စည်းများ ထပ်မံရရှိရန် မျှော်လင့်နေပါတယ်။

အလားတူ ယူကရိန်းနိုင်ငံအတွင်း Patriot လေကြောင်းရန်ကာကွယ်ရေးစနစ် အသုံးပြုသည့် ဒုံးကျည်များကို လိုင်စင်ဖြင့် ထုတ်လုပ်နိုင်ရေးအခြေအနေကိုလည်း ဆွေးနွေးမယ်လို့ ဆိုပါတယ်။

ဇယ်လန်စကီးက စက်တင်ဘာ ၂၀ ရက်တွင် ထရမ့်နှင့် တွေ့ဆုံမည့်အစီအစဉ်ကို ပြောကြားခဲ့ပြီး ရုရှား၏ ပဲ့ထိန်းဒုံးကျည်များကို တန်ပြန်ကာကွယ်ရေးကိစ္စကို ဆွေးနွေးသွားမယ်လို့ ပြောထားပါတယ်။

ထရမ့်ကလည်း ယခင်က ယူကရိန်းအနေဖြင့် ရုရှားရေနံချက်စက်ရုံများကို တိုက်ခိုက်မှုများ ရပ်တန့်ရန် တိုက်တွန်းခဲ့ပြီး ကမ္ဘာ့ဒီဇယ်လောင်စာဈေးကွက်အပေါ် သက်ရောက်မှုများနှင့် ဆက်စပ်ပြောဆိုခဲ့ပါတယ်။

#သုတမြေ #ထရမ့်ပ် #ယူကရိန်း