Logo
Sunday, November 8, 2026
Back to Home
Breaking News

ပြင်ဦးလွင်တွင် ထီလက်မှတ်အတု ကျပ်သိန်း ၅၀ ဆု ဆုငွေလိမ်လည်ထုတ်ယူမှုဖြစ်ပွား

By Admin•October 7, 2026
ပြင်ဦးလွင်တွင် ထီလက်မှတ်အတု ကျပ်သိန်း ၅၀ ဆု ဆုငွေလိမ်လည်ထုတ်ယူမှုဖြစ်ပွား

ပြင်ဦးလွင်မြို့ရှိ ထီဆိုင်တစ်ဆိုင်တွင် (၉၁) ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်း ၅၀ ဆုရ ထီလက်မှတ်အတုဖြင့် ဆုငွေလိမ်လည်ထုတ်ယူမှု ဖြစ်ပွားခဲ့ကြောင်း POWER ထီဆိုင်ကြီး (ပြင်ဦးလွင်) ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြင်ဦးလွင်မြို့ သီရိပဒေသာ ကားကြီးကွင်း၊ EV Station အနီးရှိ POWER ထီဆိုင်ကြီးသို့ အမျိုးသမီးတစ်ဦးက အောက်တိုဘာ ၃ ရက် ညနေ ၆ နာရီခန့်တွင် ကျပ်သိန်း ၅၀ ဆုရရှိထားသည့် ဇ ၇၅၁၅၈၃ ထီလက်မှတ်ဖြင့် လာရောက်ခဲ့ပြီး ဆုငွေထုတ်ယူခဲ့ပါတယ်။

ထီဆိုင်ဘက်ကလည်း ထီလက်မှတ်ကို စစ်ဆေးခြင်း၊ ဖုန်းနံပါတ်နှင့် မှတ်ပုံတင်မိတ္တူ တောင်းယူခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းတို့ ပြုလုပ်ပြီးနောက် ဆုငွေထုတ်ပေးခဲ့ကြောင်း သိရပါတယ်။

ယင်းနောက် ပြင်ဦးလွင်မြို့ရှိ မိုးယံထီဆိုင်နှင့် မြတံခွန်ထီဆိုင် တို့မှ ၁၀ သိန်းဆုများကို ထီလက်မှတ်အတုဖြင့် လာရောက်ထုတ်ယူသွားကြောင်း ဆိုင်များအချင်းချင်း အကြောင်းကြားလာရာမှ POWER ထီဆိုင်က သိန်း ၅၀ ဆုလက်မှတ်ကို ထပ်မံစစ်ဆေးခဲ့ပါတယ်။ ထပ်မံစစ်ဆေးရာတွင် အဆိုပါ ဇ ၇၅၁၅၈၃ ထီလက်မှတ်မှာ အဆင့်မြင့်အတုဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

အဆိုပါဖြစ်စဉ်အရ ထီလက်မှတ်အတုများကို အသုံးပြု၍ ထီဆိုင်များတွင် ဆုငွေများ လိမ်လည်ထုတ်ယူနေသူများသည် အုပ်စုဖွဲ့လုပ်ဆောင်နေခြင်း ဖြစ်နိုင်ကြောင်း ထီဆိုင်ဘက်က သတိပေးထားပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြင်ဦးလွင်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီး လိမ်လည်သူများကို အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ထီဆိုင်ဘက်က ရရှိထားသည့် မှတ်တမ်းများနှင့်အတူ ဆောင်ရွက်နေကြောင်း သိရပါတယ်။

သတင်းနှင့်ပုံ - Power ထီဆိုင်

#သုတမြေ #သတင်းစုံ #ပြင်ဦးလွင် #ထီ