Logo
Thursday, November 12, 2026
Back to Home
Weather News

မုတ်သုံလေ အားကောင်းနေ၍ ဒေသအများစု မိုးရွာနိုင်၊ အချို့ဒေသများ မိုးကြီးနိုင်

By Admin•June 24, 2026

(ဇွန် ၂၄၊ ၂၀၂၆)

မြန်မာနိုင်ငံအတွင်း မုတ်သုံလေ အားကောင်းနေဆဲဖြစ်ပြီး ယနေ့ညနေအထိ ဒေသအများစုတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသခန့်မှန်းချက်အရ သိရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပြီး ပင်လယ်ပြင်အများစုတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည့် အခြေအနေရှိနေသည်။

ယနေ့အတွက် ခန့်မှန်းချက်အရ ကရင်ပြည်နယ်တွင် နေရာစိပ်စိပ် မိုးရွာနိုင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သည်။ ထို့ပြင် ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အသိပေးထားသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်နှင့် ရခိုင်ဒေသများတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး အဆိုပါနေရာများနှင့် ရွေ့လျားရာလမ်းကြောင်းတစ်လျှောက် မိုးရွာခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သတိပြုကြရန် အကြံပြုထားသည်။

မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်များတွင်လည်း မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းအမြင့် ၉ ပေမှ ၁၀ ပေခန့်အထိ ရှိနိုင်သည်။ မိုးသက်လေပြင်းကျချိန်တွင် လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ အထိ ရောက်ရှိနိုင်ကြောင်း သိရသည်။

လာမည့် ၂ ရက်အတွင်းလည်း မုတ်သုံလေ ဆက်လက်အားကောင်းနေမည်ဟု ခန့်မှန်းထားသည်။

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင်လည်း ယနေ့အတွင်း မိုးထစ်ချုန်းရွာနိုင်ပြီး မိုးရွာနိုင်ချေ ရာနှုန်းပြည့်ရှိကြောင်း ထုတ်ပြန်ထားသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

#သတင်း #သုတမြေ #သတင်းထူးသတင်းဦး #သုတရသ

See less