၂၀၂၆ နှစ်ကုန်ပိုင်းတွင် အယ်လ်နီညို အားကောင်းလာနိုင်ဟု ခန့်မှန်း
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာဒေသ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုအခြေအနေများကို စောင့်ကြည့်လေ့လာချက်များအရ လက်ရှိတွင် အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေအောက်တွင် ဆက်လက်တည်ရှိနေကြောင်း သိရသည်။
နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာမော်ဒယ်လ်ခန့်မှန်းချက်များအရ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း အဆိုပါ အယ်လ်နီညိုအခြေအနေသည် ဆက်လက်တည်ရှိနိုင်ပြီး နှစ်ကုန်ပိုင်းရောက်ရှိလာချိန်တွင် အားအလွန်ကောင်းသော အယ်လ်နီညိုအဆင့်သို့ တိုးတက်ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာအတွင်း ဖြစ်ပေါ်သည့် သဘာဝမိုးလေဝသဖြစ်စဉ်တစ်ခုဖြစ်သော်လည်း ၎င်း၏ သက်ရောက်မှုများမှာ ဒေသအလိုက် ကျယ်ပြန့်စွာ ပေါ်ပေါက်နိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။ ယင်းဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုပုံမှန်မဟုတ်ခြင်း၊ နေ့အပူချိန်များ မြင့်တက်လာခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုပုံစံ ပြောင်းလဲလာခြင်းနှင့် မိုးခေါင်ရေရှားမှုများ အပါအဝင် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်သည်။
သက်ဆိုင်ရာ ကဏ္ဍအသီးသီးအနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသပြောင်းလဲမှုများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် လိုအပ်ကြောင်း အသိပေးထားပြီး အယ်လ်နီညိုအခြေအနေနှင့် ပတ်သက်သည့် နောက်ဆုံးရ အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#သုတမြေ #ရာသီဥတု #အယ်နီညို #သတင်း
See less
