Logo
Sunday, November 8, 2026
Back to Home
General Knowledge

ရွှေထည်နှင့် ရွှေပါဝင်ပစ္စည်းများ အွန်လိုင်းမှ ရောင်းချခွင့် ယာယီရပ်ဆိုင်း

By Admin•November 5, 2026
ရွှေထည်နှင့် ရွှေပါဝင်ပစ္စည်းများ အွန်လိုင်းမှ ရောင်းချခွင့် ယာယီရပ်ဆိုင်း

ဒေါ်လာ၊ ရွှေနှင့် ကားဈေးနှုန်းများ တည်ငြိမ်စေရေး ဆောင်ရွက်ချက်များကို အထောက်အကူပြုရန် ရွှေထည်၊ ရွှေကြမ်း၊ လက်ဝတ်ရတနာနှင့် ရွှေဖြင့်ပြုလုပ်ထားသည့် ပစ္စည်းများကို အွန်လိုင်းမှ ရောင်းချခြင်းအား ယာယီခွင့်မပြုတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက်မှ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၉ ရက်အထိ လက်ဝတ်ရတနာပစ္စည်းအုပ်စုဖြင့် Online Sale မှတ်ပုံတင်လက်မှတ် ၈၁၁ စောင် ထုတ်ပေးခဲ့ပြီး လက်ရှိသက်တမ်းရှိသည့် လက်မှတ် ၂၄၁ စောင်နှင့် သက်တမ်းကုန်ဆုံးသည့် လက်မှတ် ၅၇၀ စောင်ရှိကြောင်း သိရသည်။

886746090_1092474356959525_4371010066699213456_n

အွန်လိုင်းမှ ရွှေရောင်းဝယ်မှုများကြောင့် ရွှေဈေးနှုန်းနှင့် ဈေးကွက်အတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ရွှေနှင့် ရွှေကြမ်း၊ ယင်းတို့ဖြင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာ၊ အနုပညာပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်းများ ရောင်းချရန် Online Sale မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းကို ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခင်က ခွင့်ပြုထားသည့် လုပ်ငန်းမှတ်ပုံတင်များကိုလည်း သက်တမ်းတိုးပေးမည်မဟုတ်ကြောင်း အသိပေးထားသည်။

ကျောက်မျက်ရတနာသီးသန့် ရောင်းချသည့်လုပ်ငန်းများအတွက်မူ သက်ဆိုင်ရာလိုင်စင်ရရှိထားပြီး ရွှေနှင့် ရွှေကြမ်းပါဝင်သည့် ပစ္စည်းများ ရောင်းချခြင်းမပြုကြောင်း ဝန်ခံကတိပြုပါက အွန်လိုင်းရောင်းချမှု မှတ်ပုံတင်လက်မှတ် လျှောက်ထားခွင့်ပြုထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#သုတမြေ #ရွှေ #လက်ဝတ်ရတနာ #အရောင်းအဝယ်