Logo
Monday, November 9, 2026
Back to Home
International News

ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို မြန်မာ့ပေါ်ဆန်းက ၁၅ နှစ်အကြာ ဒုတိယအကြိမ် ရရှိ

By Admin•October 11, 2026
ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို မြန်မာ့ပေါ်ဆန်းက ၁၅ နှစ်အကြာ ဒုတိယအကြိမ် ရရှိ

မြန်မာ့ပေါ်ဆန်းဆန်သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပသည့် International World Rice Conference 2026 ၏ ဆန်အရည်အသွေးယှဉ်ပြိုင်ပွဲတွင် ကမ္ဘာ့အကောင်းဆုံးဆန်ဆု (World’s Best Rice Award 2026) ကို ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အမေရိကန်အခြေစိုက် International Commodity Institute နှင့် The Rice Trader တို့က ဦးဆောင်ကျင်းပသည့် အဆိုပါညီလာခံကို အောက်တိုဘာ ၇ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့ပြီး နိုင်ငံတကာမှ ဆန်အမျိုးအစားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

845808147_1093125080164309_2513163923906050475_n

မြန်မာ့ပေါ်ဆန်းဆန်သည် ၂၀၁၁ ခုနှစ်က ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပခဲ့သည့် နိုင်ငံတကာဆန်စပါးညီလာခံ၌လည်း ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ရရှိခဲ့ဖူးသဖြင့် ယခုတစ်ကြိမ်မှာ ၁၅ နှစ်အကြာ ဒုတိယအကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ညီလာခံသို့ မြန်မာနိုင်ငံမှ အစိုးရ-ပုဂ္ဂလိက ကိုယ်စားလှယ်များနှင့် ဆန်တင်ပို့သည့် ကုမ္ပဏီများအပါအဝင် ကိုယ်စားလှယ် ၅၅ ဦး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က “Myanmar Rice Outlook 2026” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သလို မြန်မာ့ဆန်ပြခန်းကိုလည်း ခင်းကျင်းပြသခဲ့သည်။

842574727_1793792795190719_6473088445896204215_n

ထို့အပြင် ဖိလစ်ပိုင်၊ မလေးရှားနှင့် အာဖရိကနိုင်ငံများသို့ ဆန်တင်ပို့မှု တိုးမြှင့်ရေးနှင့် အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့်လည်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် ၃ သန်း တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

#သုတမြေ #ဆန် #ပေါ်ဆန်းမွှေး #ဆု #သတင်း #ပြည်တွင်း