Logo
Monday, November 9, 2026
Back to Home
International News

AI နှင့် စက်ရုပ်များကြောင့် အလုပ်အကိုင်များ အစားထိုးခံရနိုင်မှုကို သတိပေးသည့် စက်ရုပ်ဆန္ဒပြပွဲ ပြုလုပ်

By Admin•September 11, 2026
AI နှင့် စက်ရုပ်များကြောင့် အလုပ်အကိုင်များ အစားထိုးခံရနိုင်မှုကို သတိပေးသည့် စက်ရုပ်ဆန္ဒပြပွဲ ပြုလုပ်

ပိုလန်နိုင်ငံတွင် AI နှင့် စက်ရုပ်များက လူသားလုပ်သားများ၏ အလုပ်အကိုင်များကို အစားထိုးလာနိုင်သည့် အန္တရာယ်ကို သတိပေးရန် စက်ရုပ်များပါဝင်သည့် ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

အဆိုပါဆန္ဒပြပွဲကို Democratism အဖွဲ့က ဦးဆောင်ကျင်းပခဲ့ပြီး AI နှင့် စက်ရုပ်အသုံးပြုမှုများက အလုပ်သမားဈေးကွက်အပေါ် မည်သို့သက်ရောက်မှုရှိလာနိုင်သည်ကို ဆွေးနွေးရန် ရည်ရွယ်ထားသည့် အစီအစဉ်တစ်ရပ်ဖြစ်ပါတယ်။

ဆန္ဒပြပွဲတွင် လူသားပုံစံ နှစ်ခြေသွား AI စက်ရုပ်များအပြင် ခွေးပုံစံ လေးခြေသွားစက်ရုပ်များပါ ပါဝင်ခဲ့ပြီး “အလုပ်အကိုင်တွေကို ကာကွယ်ပါ”၊ “စည်းမျဉ်းတွေ သတ်မှတ်ဖို့အချိန်တန်ပြီ” နှင့် “မစောင့်ဘဲ စည်းမျဉ်းချမှတ်ပါ” စသည့် ကြွေးကြော်သံများကို ဖွင့်လှစ်ခဲ့ပါတယ်။

803102785_1812385550207810_7513527306603444090_n

ဆန္ဒပြပွဲစီစဉ်သူ Grzegorz Kulis က လူသားများ၏အလုပ်များကို လူသားပုံစံစက်ရုပ်များသာမက AI နည်းပညာဖြင့် အသိဉာဏ်ပိုင်းဆိုင်ရာအလုပ်များတွင်ပါ အစားထိုးလာနိုင်သည့်အခြေအနေကို အထူးအာရုံစိုက်စေလိုကြောင်း ပြောပါတယ်။

“အခုအချိန်မှာ မတုံ့ပြန်ဘူးဆိုရင် မကြာခင် ပြဿနာကြီးတစ်ခုနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အလုပ်သမားတွေကို ကာကွယ်ပေးနိုင်မယ့် စည်းမျဉ်းနဲ့ ဥပဒေတွေ လိုအပ်ပါတယ်” ဟု Kulis က ပြောပါတယ်။

ထို့အပြင် ဆန္ဒပြပွဲတွင် စက်ရုပ်များကို ကိုယ်တိုင်ပါဝင်စေခြင်းမှာ ၎င်းတို့၏ လက်ရှိစွမ်းဆောင်ရည်များကို လက်တွေ့ပြသပြီး AI နှင့် စက်ရုပ်နည်းပညာများသည် အနာဂတ်ကိစ္စတစ်ခုသာမဟုတ်ဘဲ လက်ရှိတွင်ပင် အကောင်အထည်ဖော်အသုံးပြုနိုင်နေပြီဖြစ်ကြောင်း ပြသရန် ရည်ရွယ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

AFP news

#သုတမြေ #နိုင်ငံတကာ #သတင်းစုံ