Logo
Sunday, November 8, 2026
Back to Home
Entertainment

America Got Talent ချန်ပီယံဆု အသက် ၁၆ နှစ်အရွယ်နီနီရွိုင်ရယ် ဆွတ်ခူး

By Admin•September 24, 2026
America Got Talent ချန်ပီယံဆု အသက် ၁၆ နှစ်အရွယ်နီနီရွိုင်ရယ် ဆွတ်ခူး

ထိုင်းနိုင်ငံမှ အသက် ၁၆ နှစ်အရွယ် ရော့ခ်အဆိုတော်နှင့် ဂစ်တာသမား Nene Royal သည် “America’s Got Talent” Season 21 ၏ ချန်ပီယံဆုကို စက်တင်ဘာ ၂၃ ရက်တွင် ဆွတ်ခူးခဲ့ပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ သန်း ရရှိခဲ့သည်။

821223609_28253693270993898_5806311502176394356_n

အမည်ရင်း Rattikarn Amloy ဖြစ်သည့် Nene Royal သည် AGT သမိုင်းတွင် ချန်ပီယံဆုရရှိသည့် ပထမဆုံး ထိုင်းနိုင်ငံသားပြိုင်ပွဲဝင် ဖြစ်လာခဲ့သည်။

သူမသည် ဖူးကက်မြို့ရှိ Naka Weekend Market တွင် လမ်းဘေးဂီတဖျော်ဖြေမှုများ ပြုလုပ်ရာမှ စတင်ခဲ့ပြီး အမေရိကန်ခရီးသွား Sean ၏ အကူအညီဖြင့် AGT audition ဝင်ရောက်နိုင်ခဲ့သည်။ Sean သည် လျှောက်လွှာများ ဖြည့်စွက်ပေးခြင်း၊ audition ဗီဒီယိုများ ပေးပို့ခြင်းနှင့် လော့စ်အိန်ဂျလိစ်သို့ သွားရောက်ရန် ခရီးစရိတ်အချို့ကို ကူညီပေးခဲ့သည်။

822298562_2587068551740973_1639828052386670523_n

AGT audition တွင် The Cranberries ၏ “Zombie” သီချင်းကို ရော့ခ်စတိုင်ဖြင့် ဖျော်ဖြေခဲ့ရာ အကဲဖြတ်ဒိုင်လေးဦးစလုံးထံမှ “Yes” မဲ ရရှိခဲ့ပြီး အဆိုပါ audition clip သည် Season 21 အတွင်း ကြည့်ရှုမှုအများဆုံး clip ဖြစ်လာခဲ့သည်။

Nene Royal ၏ အောင်မြင်မှုသည် ထိုင်းနိုင်ငံအတွက်လည်း AGT သမိုင်းဝင်အောင်မြင်မှုတစ်ရပ် ဖြစ်လာခဲ့သည်။

#သုတမြေ #americagottalent #entertainmentnews #ဖျော်ဖြေရေး #နိုင်ငံတကာ #သတင်းစုံ