Logo
Sunday, November 8, 2026
Back to Home
Entertainment

"""Dai Dai"" သီချင်းဖြင့် ကမ္ဘာ့ဖလားသမိုင်းတစ်ကျော့ပြန် ရေးထိုးလိုက်သည့် Shakira "

By Admin•June 17, 2026
"""Dai Dai"" သီချင်းဖြင့် ကမ္ဘာ့ဖလားသမိုင်းတစ်ကျော့ပြန် ရေးထိုးလိုက်သည့် Shakira "

725627112_28129094050013646_841902136238093183_n

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ တရားဝင်သီချင်းဖြစ်သော "Dai Dai" သည် ထွက်ရှိပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း YouTube ကြည့်ရှုမှု သန်း ၁၀၀ ကျော် ရရှိကာ ကမ္ဘာတစ်ဝန်း ဂီတနှင့် ဘောလုံးပရိသတ်များ၏ စိတ်ဝင်စားမှုကို သိမ်းပိုက်နိုင်ခဲ့သည်။
ကမ္ဘာကျော် ကိုလံဘီယာအဆိုတော် Shakira နှင့် နိုင်ဂျီးရီးယား Afrobeats အဆိုတော် Burna Boy တို့ ပူးပေါင်းသီဆိုထားသည့် အဆိုပါသီချင်းသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီ နာရီပိုင်းအလိုတွင်ပင် YouTube တွင် ကြည့်ရှုမှု သန်း ၁၀၀ ကျော်အထိ ရောက်ရှိခဲ့ကြောင်း နိုင်ငံတကာမီဒီယာများက ဖော်ပြထားသည်။
"Dai Dai" သည် ထွက်ရှိပြီးနောက် ကမ္ဘာ့ဂီတဇယားများတွင် ထိပ်တန်းနေရာများသို့ ရောက်ရှိခဲ့သလို လူမှုကွန်ရက်စာမျက်နှာများတွင်လည်း Dance Challenge များနှင့် Fan Video များ ပျံ့နှံ့လာခဲ့သည်။ သီချင်း၏ စွမ်းအားပြည့် တေးသွားနှင့် ဘောလုံးအားကစားစိတ်ဓာတ်ကို ပေါင်းစပ်ထားသည့် ဖန်တီးမှုက ပရိသတ်များကြား ရေပန်းစားစေခဲ့ခြင်းဖြစ်သည်။
Shakira အတွက် "Dai Dai" သည် ကမ္ဘာ့ဖလားနှင့် ပတ်သက်သည့် စတုတ္ထမြောက် အောင်မြင်မှုမှတ်တိုင်လည်း ဖြစ်လာခဲ့သည်။ သူမသည် ယခင်က ၂၀၀၆ ခုနှစ်တွင် "Hips Don't Lie", ၂၀၁၀ ခုနှစ်တွင် "Waka Waka (This Time for Africa)" နှင့် ၂၀၁၄ ခုနှစ်တွင် "La La La (Brazil 2014)" တို့ဖြင့် ကမ္ဘာ့ဖလားစင်မြင့်ပေါ် တက်ရောက်ခဲ့ဖူးပြီး ယခု "Dai Dai" ဖြင့် ထပ်မံအောင်မြင်မှု ရရှိခဲ့ခြင်းဖြစ်သည်။
ထို့ပြင် Shakira နှင့် Burna Boy တို့သည် မက္ကဆီကိုနိုင်ငံရှိ Estadio Azteca ကွင်းတွင် ကျင်းပသည့် ၂၀၂၆ ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနား၌ "Dai Dai" ကို တိုက်ရိုက်ဖျော်ဖြေခဲ့ကြပြီး ကမ္ဘာတစ်ဝန်း ပရိသတ်များ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ သို့သော် လူမှုကွန်ရက်များပေါ်တွင် ဖျော်ဖြေပွဲအပေါ် ချီးကျူးမှုများနှင့် ဝေဖန်မှုများ နှစ်မျိုးစလုံး ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဖလားသီချင်းဟုဆိုလျှင် Shakira ၏ "Waka Waka" ကို ယနေ့တိုင် စံချိန်တင်အောင်မြင်သည့် သီချင်းအဖြစ် သတ်မှတ်ကြသော်လည်း "Dai Dai" သည်လည်း ထွက်ရှိချိန်တိုအတွင်း ကြည့်ရှုမှု သန်း ၁၀၀ ကျော် ရရှိခဲ့ခြင်းကြောင့် ၂၀၂၆ ခုနှစ်၏ အအောင်မြင်ဆုံး အားကစားသီချင်းများထဲမှ တစ်ပုဒ်အဖြစ် မှတ်တမ်းဝင်လာခဲ့သည်။
#သုတမြေ #ဖျော်ဖြေရေး #သုတ #သတင်းစုံ #ဆယ်လီ See less