Logo
Thursday, May 14, 2026
Back to Home
Local News

ဘဲလင်း–ကျောက်ဆည်ကြားတွင် DEMU ရထားနှင့် ထော်လာဂျီ ပွတ်တိုက်မှုဖြစ်ပွား

By AdminMay 8, 2026

မန္တလေးဘူတာကြီးမှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် အမှတ် (၆) အစုန် DEMU ရထားသည် ဘဲလင်းဘူတာနှင့် ကျောက်ဆည်ဘူတာကြားတွင် ထော်လာဂျီတစ်စီးနှင့် ပွတ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မေ ၅ ရက် နံနက် ၆ နာရီတွင် မန္တလေးဘူတာကြီးမှ ထွက်ခွာလာသည့် DEMU ရထားမှာ တရားမဝင် ရထားလမ်းကူးတစ်ခုအပေါ်သို့ ရုတ်တရက်တက်လာသည့် ထော်လာဂျီနှင့် ပွတ်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပွတ်တိုက်မှုကြောင့် ထော်လာဂျီမှာ လမ်းဘေးသို့ လွင့်စင်သွားခဲ့ပြီး ရထားတွင် ဆေးသားပွန်းခြင်းနှင့် ဘောင်အနည်းငယ် ထိခိုက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ထော်လာဂျီမောင်းနှင်သူမှာ အခင်းဖြစ်နေရာမှ ထွက်ပြေးသွားခဲ့ကြောင်း သိရပြီး DEMU ရထားမှာ ရန်ကုန်မြို့သို့ ပုံမှန်အတိုင်း ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
မြန်မာ့မီးရထားသည် ယခုနှစ်ပိုင်းအတွင်း မြန်နှုန်းမြင့်ရထားများကို မြို့ကြီးများအကြား ချိတ်ဆက်ပြေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ရထားလမ်းကူးများနှင့် ရထားလမ်းတစ်လျှောက် သွားလာရာတွင် အထူးသတိပြုကြရန် ပြည်သူများအား အသိပေးထားကြောင်း သိရသည်။ See less