Logo
Thursday, May 14, 2026
Back to Home
Local News

ရန်ကုန်တွင် EV bus များစတင်ပြေးဆွဲ

By AdminApril 1, 2026
ရန်ကုန်တွင် EV bus များစတင်ပြေးဆွဲ

ရန်ကုန်တွင် EV bus များစတင်ပြေးဆွဲ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားတွေကို အစားထိုးနိုင်ရန် လျှပ်စစ်ဘတ်စ်ကားများ (EV buses) ကို စမ်းသပ်ပြေးဆွဲမှု စတင်ဆောင်ရွက်နေပါတယ်။

အဆိုပါ စမ်းသပ်စီမံကိန်းအတွက် လျှပ်စစ်ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် EV ဘတ်စ်ကား ၂ စီးကို ဝယ်ယူထားပြီး ဖြစ်ပါတယ်။

အစီအစဉ်အရ လျှပ်စစ်ဘတ်စ်ကားများ အသုံးပြုမှုကို တဖြည်းဖြည်း တိုးမြှင့်သွားမည်ဖြစ်ပြီး ၂၀၃၀ ခုနှစ်တွင် ၃၂ ရာခိုင်နှုန်း၊ ၂၀၄၀ ခုနှစ်တွင် ၆၇ ရာခိုင်နှုန်းနှင့် ၂၀၅၀ ခုနှစ်တွင် ၁၀၀ ရာခိုင်နှုန်းအထိ ရောက်ရှိစေရန် ရည်မှန်းထားပါတယ်။

ထို့ပြင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ မြန်မာနိုင်ငံတွင် ယာဉ်စုစုပေါင်း ၅.၅ သန်းကျော် ရှိနေသော်လည်း လျှပ်စစ်ယာဉ်များမှာ ခန့်မှန်းအားဖြင့် ၂၇,၀၀၀ ဝန်းကျင်သာ ရှိပါတယ်။

ယခုလို EV ဘတ်စ်ကားများကို စမ်းသပ်အသုံးပြုခြင်းဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လောင်စာဆီ အသုံးပြုမှု လျှော့ချရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ် ဖြစ်လာမယ်လို့ သုံးသပ်ကြပါတယ်။

#ev #bus #ဘက်စ်ကား #သုတရသ