Flydubai လေယာဉ်ပေါ် တိုက်ခိုက်မှုကို တားဆီးခဲ့သူ အိန္ဒိယလေယာဉ်မှူးဟု သိရ
Dubai မှ Tel Aviv သို့ ပျံသန်းလာသည့် Flydubai FZ1073 လေယာဉ်ပေါ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုဟု ယူဆရသော ဖြစ်ရပ်ကို တားဆီးနိုင်ခဲ့သူမှာ အိန္ဒိယလေယာဉ်မှူး Smit Machchhar ဖြစ်ကြောင်း သိရသည်။
Smit Machchhar သည် ယခင်က အိန္ဒိယလေကြောင်းလိုင်း SpiceJet တွင် လေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။
သတင်းများအရ လေယာဉ်ပေါ်တွင် ခရီးသည်အဖြစ် လိုက်ပါလာသည့် အလုပ်နားရက်ရှိ လေယာဉ်မှူးများက အရေးပေါ်အခြေအနေအတွင်း လေယာဉ်ကို ဆင်းသက်နိုင်ရန် ကူညီခဲ့ကြသည်။
ဖြစ်စဉ်အတွင်း အိန္ဒိယလေယာဉ်မှူး Machchhar သည် ထိခိုက်ဒဏ်ရာရခဲ့သော်လည်း တိုက်ခိုက်သူကို ပြန်လည်ခုခံခဲ့ပြီး လေယာဉ်ခန်းတံခါးကို ဖွင့်နိုင်ခဲ့သည်။ ထို့နောက် အခြားခရီးသည်များက ဝင်ရောက်ကူညီနိုင်ခဲ့သဖြင့် လေယာဉ်ပျက်ကျနိုင်သည့် အန္တရာယ်ကို တားဆီးနိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါဖြစ်ရပ်ကြောင့် လေယာဉ်ပေါ်ရှိ လူပေါင်း ၁၇၄ ဦး၏ အသက်အန္တရာယ်ကို ကယ်တင်နိုင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားပြီး ခရီးသည်အများစုမှာ အစ္စရေးနိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။
သို့သော် ဖြစ်စဉ်၏ အသေးစိတ်အချက်အလက်များနှင့် တိုက်ခိုက်မှု၏ ရည်ရွယ်ချက်တို့ကို သက်ဆိုင်ရာအာဏာပိုင်များက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
