Logo
Monday, November 9, 2026
Back to Home
Local News

မန္တလေးတွင် ဆေးလိပ်မီးကြောင့် Honda Fit ကား မီးလောင်

By Admin•September 13, 2026
မန္တလေးတွင် ဆေးလိပ်မီးကြောင့် Honda Fit ကား မီးလောင်

စက်တင်ဘာ ၁၁ ရက် နံနက် ၅ နာရီ ၂၃ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၃၄ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားရှိ နေအိမ်အဖီအမိုးအောက်တွင် ရပ်ထားသည့် Honda Fit ကားတစ်စီး ဆေးလိပ်မီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါကားအတွင်း သန့်ရှင်းရေးပြုလုပ်နေသည့် အသက် ၁၉ နှစ်အရွယ် အိမ်စောင့်အလုပ်သမားက ဆေးလိပ်သောက်ပြီးနောက် မီးငြှိမ်းသတ်ခြင်းမပြုဘဲ ဒက်ရှ်ဘုတ်ပေါ်တွင် ထားခဲ့ရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ကား၏ ရှေ့လေကာမှန်၊ ရှေ့ထိုင်ခုံတစ်လုံးနှင့် ဒက်ရှ်ဘုတ်တို့ မီးလောင်ပျက်စီးခဲ့ပြီး ချမ်းအေးသာစံမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅ ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးတို့ သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၁၉ နှစ်အရွယ် အိမ်စောင့်အလုပ်သမားအား ချမ်းအေးသာစံမြို့နယ် အမှတ် (၈) မြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဓာတ်ပုံ - မြို့နယ်မီးသတ်တပ်ဖွဲ့

#သတင်း #ပြည်တွင်း #မီးလောင်