Logo
Monday, November 9, 2026
Back to Home
International News

ပါဝါဘန့်မီးလောင်မှုကြောင့် IndiGo လေယာဉ် အရေးပေါ်ဆင်းသက်

By Admin•October 15, 2026
ပါဝါဘန့်မီးလောင်မှုကြောင့် IndiGo လေယာဉ် အရေးပေါ်ဆင်းသက်

အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့သို့ ပျံသန်းနေသည့် IndiGo လေကြောင်းလိုင်း၏ လေယာဉ်တစ်စင်းသည် ခရီးသည်တစ်ဦး၏ ပါဝါဘန့် မီးလောင်မှုကြောင့် ဟိုက်ဒရာဘတ်မြို့ရှိ ရာဂျစ်ဂန္ဒီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တနင်္ဂနွေနေ့က အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သိရသည်။

လေယာဉ်ပေါ်တွင် ပါဝါဘန့် မီးလောင်ခဲ့သဖြင့် အခန်းအတွင်း မီးခိုးများပြည့်နှက်လာပြီး လေယာဉ်အမှုထမ်းများက မီးငြှိမ်းသတ်ခဲ့ရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

848525010_1080211701484574_6782502444365389745_n

ယခုဖြစ်စဉ်မတိုင်မီ မေလအတွင်းကလည်း ချန်ဒီဂါမြို့သို့ ပျံသန်းမည့် IndiGo လေယာဉ်တစ်စင်းတွင် ခရီးသည်တစ်ဦး၏ ပါဝါဘန့် ပေါက်ကွဲမီးလောင်ခဲ့သဖြင့် ခရီးသည်များကို အရေးပေါ်ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ အဆိုပါ ပါဝါဘန့်သည် လေယာဉ်ထိုင်ခုံအိတ်ကပ်အတွင်း ထည့်ထားစဉ် မီးလောင်ခဲ့ခြင်းဖြစ်ပြီး ခရီးသည်က လေယာဉ်အမှုထမ်းများထံ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ကျွမ်းကျင်သူ Mitra ၏ ပြောကြားချက်အရ လေယာဉ်ဆင်းသက်ချိန်တွင် ဖြစ်ပေါ်သည့် တုန်ခါမှုနှင့် အားအပြည့်သွင်းထားသော LCO (Lithium Cobalt Oxide) ဘက်ထရီတို့ ပေါင်းစပ်သက်ရောက်မှုကြောင့် ဘက်ထရီအတွင်း လျှပ်စစ်ဝါယာရှော့ဖြစ်ပေါ်ကာ မီးလောင်မှု ဖြစ်ပွားနိုင်ကြောင်း သိရသည်။

လေယာဉ်ပေါ်တွင် ပါဝါဘန့်မီးလောင်မှုများ ထပ်မံဖြစ်ပွားလာခြင်းကြောင့် လေကြောင်းခရီးစဉ်များအတွင်း လစ်သီယမ်ဘက်ထရီသုံး ပစ္စည်းများကို သယ်ဆောင်ရာ၌ သတ်မှတ်စည်းမျဉ်းများ လိုက်နာရန်နှင့် ဘက်ထရီပျက်စီးမှု၊ အပူလွန်ကဲမှုတို့ကို သတိပြုရန် လိုအပ်ကြောင်း သိရသည်။

#သုတမြေ #သတင်းထူးသတင်းဦး #မီးလောင် #ပါဝါဘန့်