Logo
Thursday, May 14, 2026
Back to Home
International News

ဖခင်၏ အိမ်တွင်း အကြမ်း ဖ က်မှုကြောင့် ကလေးငယ် (၈) ဦး ‌ေသဆုံး

By AdminApril 20, 2026
ဖခင်၏ အိမ်တွင်း အကြမ်း ဖ က်မှုကြောင့် ကလေးငယ် (၈) ဦး ‌ေသဆုံး

အမေရိကန်နိုင်ငံ၊ လူဝီစီယားနားပြည်နယ်တွင် ဧပြီလ ၁၉ ရက်၊ တနင်္ဂနွေနေ့ အစောပိုင်းက မိသားစုအကြမ်းဖက်မှုတစ်ခုကြောင့် ကလေးငယ် (၈) ဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါဖြစ်စဉ်သည် လတ်တလောနှစ်များအတွင်း အမေရိကန်ပြည်ထောင်စု၌ ဖြစ်ပွားခဲ့သည့် အဆိုးရွားဆုံးသော လူသတ်မှုတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ အသက် (၃၁) နှစ်အရွယ် ရှမား အယ်လ်ကင် (Shamar Elkins) ဆိုသူသည် ၎င်း၏ ဇနီးဖြစ်သူနှင့် မိသားစုရေးရာ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်ကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
သေဆုံးခဲ့ရသည့် ကလေး (၈) ဦးအနက် (၇) ဦးမှာ အယ်လ်ကင်၏ သားသမီးများ ဖြစ်ကြပြီး၊ ကျန်တစ်ဦးမှာ ၎င်းတို့၏ ဆွေမျိုးတော်စပ်သူ ဖြစ်ကြောင်း ကက်ဒိုပါရစ်ရှ် (Caddo Parish) ကော်ရိုနာရုံးမှ အတည်ပြု ထုတ်ပြန်သည်။ သေဆုံးသူ ကလေးငယ်များမှာ အသက် (၃) နှစ်မှ (၁၁) နှစ်အတွင်း ဖြစ်ကြသည်။ဖြစ်စဉ်မှာ တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် တရားဝင်ကွာရှင်းမည့်ကိစ္စနှင့်ပတ်သတ်ကာ စတင်ခဲ့ခြင်းဖြစ်ပြီး အယ်လ်ကင်သည် နေအိမ်တစ်နေရာ၌ ဇနီးဖြစ်သူအား သေ နတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက်၊ နောက်ထပ် နေအိမ်တစ်နေရာသို့ ဆက်လက်သွားရောက်ကာ ကလေးငယ်များအား ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ၎င်း၏ ဇနီးနှင့် အခြားအမျိုးသမီးတစ်ဦးတို့မှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် အရေးပေါ် ကုသမှုခံယူနေရသည်။ တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ကလေးငယ်အချို့မှာ အိမ်နောက်ဘက်မှတစ်ဆင့် ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားခဲ့ကြသော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။တိုက်ခိုက်မှုကျူးလွန်ပြီးနောက် အယ်လ်ကင်သည် ကားတစ်စီးအား လုယက်ကာ ထွက်ပြေးခဲ့သည်။ ရဲတပ်ဖွဲ့၏ လိုက်လံဖမ်းဆီးမှုများအတွင်း အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အယ်လ်ကင်မှာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ရှရီးဗ်ပေါ်မြို့ ရဲချုပ် ဝိန်းစမစ် (Wayne Smith) က ဤဖြစ်စဉ်အပေါ် အလွန်ဝမ်းနည်းကြောင်းနှင့် မိသားစုအတွင်း ဖြစ်ပွားသည့် ဤကဲ့သို့သော အကြမ်းဖက်မှုမျိုးသည် မည်သို့မျှ လက်ခံနိုင်ဖွယ်မရှိကြောင်း ပြောကြားခဲ့သည်။