ဘီယာသွန်ပစ်ခဲ့တဲ့ အမျိုးသားကို KTV မှာ ၃ ဦးဝိုင်းရိုက်၊ ထောင်ဒဏ်ချမှတ်
စင်ကာပူနိုင်ငံမှာ KTV သွားရောက်အရက်သောက်နေတဲ့ အမျိုးသား ၃ ဦးက မိမိတို့ပေးတဲ့ ဘီယာကို လက်ခံပြီး ပြန်သွန်ပစ်ခဲ့တဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်ကန်ကျောက်ခဲ့ကြပါတယ်။
ဖြစ်စဉ်ဟာ ၂၀၂၅ ခုနှစ် ဇူလိုင် ၃၀ ရက် ညနေ ၆ နာရီခန့်က GG KTV Nite Club မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုစတင်ပြီးနောက် အမျိုးသားက အနီးရှိ စားသောက်ဆိုင်ဘက်ကို ထွက်ပြေးခဲ့ပေမယ့် တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ တစ်ဦးက တစ်ရှူးအထုပ်နဲ့ ဦးခေါင်းကို ရိုက်ခဲ့ပြီး ကျန်သူတွေက ထိုးကြိတ်ကန်ကျောက်ခဲ့ကြသလို အုန်းသီးနဲ့လည်း ပစ်ခဲ့ကြပါတယ်။
တိုက်ခိုက်ခံရသူဟာ မျက်နှာနဲ့ ဦးခေါင်းအပါအဝင် ဒဏ်ရာအများအပြားရရှိခဲ့ပြီး ဆေးခွင့် ၃၄ ရက် ရရှိခဲ့ပါတယ်။ အဆိုပါအမျိုးသား ၃ ဦးထဲက Toh Soon Heng (၆၃ နှစ်) ကို စက်တင်ဘာ ၁၆ ရက်မှာ ထောင်ဒဏ် ၈ ပတ် ချမှတ်ခဲ့ပြီး Cheng Chee Hiong နဲ့ Wee Keng Mong James တို့ကိုလည်း ယခင်က ထောင်ဒဏ် ၃ လနဲ့ ၆ ပတ်စီ ချမှတ်ထားပါတယ်။
