Logo
Thursday, May 14, 2026
Back to Home
Local News

မေ ၁၄ မှစတင်ကာ လူကူးမျဉ်းကြားမသုံးသူများကို ကျပ် ၃၀,၀၀၀ အထိ ဒဏ်ရိုက်မည်

By AdminMay 10, 2026
မေ ၁၄ မှစတင်ကာ လူကူးမျဉ်းကြားမသုံးသူများကို ကျပ် ၃၀,၀၀၀ အထိ ဒဏ်ရိုက်မည်

ရန်ကုန်မြို့အတွင်း သွားလာနေသည့် ပြည်သူများ လမ်းဖြတ်ကူးရာတွင် စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က အသိပေးထုတ်ပြန်လိုက်သည်။
မေလ ၈ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် “ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ လူကူးမျဉ်းကြား၊ မြေအောက်လမ်းနှင့် ခုံးကျော်တံတားများ စနစ်တကျ အသုံးပြုရေး Campaign” အခမ်းအနားတွင် YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ယာဉ်အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှုဥပဒေအရ လမ်းဖြတ်ကူးရာ၌ သတ်မှတ်ထားသည့် လူကူးမျဉ်းကြား၊ မြေအောက်လမ်းနှင့် ခုံးကျော်တံတားများမှသာ ဖြတ်ကူးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ပညာပေးကာလပြီးဆုံးသည့်နောက် မေလ ၁၄ ရက်မှစတင်ကာ စည်းကမ်းမလိုက်နာသူများကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ပြီး ဒဏ်ငွေ ကျပ် ၃၀,၀၀၀ ထက်မပိုသော ပြစ်ဒဏ်များ ချမှတ်နိုင်ကြောင်းလည်း အသိပေးခဲ့သည်။
YRTC က ယခုဆောင်ရွက်ချက်သည် ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးနှင့် ပြည်သူများ၏ လမ်းအသုံးပြုမှု ဘေးကင်းလုံခြုံစေရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်းလည်း ဆိုထားသည်။
#ဒဏ်ရိုက် #သတင်းထူးသတင်းဦး #လူကူးမျဉ်းကြား #သုတမြေ See less