ဆုန်ခရန်ကာလတွင် သက်ကြီးရွယ်အိုများအတွက် MRT အခမဲ့စီးနင်းခွင့်ပေးမည်


ထိုင်းနိုင်ငံတွင် ၂၀၂၆ ခုနှစ် Songkran ပွဲတော်ကာလအတွင်း ပြည်သူများ သွားလာရေး လုံခြုံပြီး အဆင်ပြေစေရန်အတွက် Mass Rapid Transit Authority of Thailand နှင့် သက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးအဖွဲ့အစည်းများ ပူးပေါင်းကာ အစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
ယင်းအစီအစဉ်အရ အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများကို MRT Bangkok လိုင်း ၄ လိုင်းတွင် အခမဲ့စီးနင်းခွင့်ပေးသွားမည်ဖြစ်ပြီး အဆိုပါလိုင်းများမှာ Purple Line၊ Blue Line၊ Yellow Line နှင့် Pink Line တို့ ပါဝင်ကြောင်း သိရပါတယ်။
အခမဲ့စီးနင်းခွင့်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၃ ရက်မှ ၁၅ ရက်အထိ ပုံမှန်ပြေးဆွဲချိန်အတွင်း ခွင့်ပြုသွားမည်ဖြစ်ပြီး ဆုန်ခရန်ပွဲတော်နှင့် National Elderly Day ကို ဂုဏ်ပြုရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
ထို့အပြင် ယခုအစီအစဉ်သည် ဆုန်ခရန်ကာလအတွင်း ခရီးသွားလာမှုကို ပိုမိုလွယ်ကူစေရန်သာမက အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးအသုံးပြုမှုကို မြှင့်တင်ခြင်းဖြင့် အစိုးရ၏ စွမ်းအင်ချွေတာရေးမူဝါဒကို ထောက်ခံပံ့ပိုးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။
ထို့နောက် သက်ကြီးရွယ်အိုများအနေဖြင့် MRT လမ်းကြောင်းများတလျှောက်ရှိ နေရာများသို့ လွယ်ကူစွာ သွားရောက်နိုင်စေရန် အားပေးခြင်းဖြင့် မိသားစုအတူ လှုပ်ရှားမှုများ ပြုလုပ်နိုင်ရန်လည်း ရည်ရွယ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
