MSG အမှုန့်နှင့် Rosdee အရသာမှုန့်အတု ထုတ်လုပ်ဖြန့်ဝေသော အဖွဲ့အစည်းတစ်ခုအား ထိုင်းရံများ ဖော်ထုတ်ဖမ်းဆီး

ထိုင်းနိုင်ငံဗဟိုရဲတပ်ဖွဲ့နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တို့ပူးပေါင်းကာ MSG ဟင်းခတ်အရသာမှုန့်အတုများကို ထုတ်လုပ်ဖြန့်ချိနေသည့် အဖွဲ့တစ်ခုအား ဖျက်သိမ်းနိုင်ခဲ့ကြောင်း ဧပြီလ ၁၇ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ယင်းဆောင်ရွက်မှုက ပြည်နယ်အများအပြားသို့ ဖြန့်ချိနေသည့် အဖွဲ့တစ်ခုအပေါ် စုံစမ်းစစ်ဆေးမှုကို တိုးချဲ့ဆောင်ရွက်ရာမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး တန်ဖိုးအားဖြင့် ဘတ်ငွေ ၂ သန်းနီးပါး (စင်ကာပူဒေါ်လာ ၇၉,၂၉၅ ခန့်) တန်ဖိုးရှိ ကုန်ပစ္စည်းများကို ဖမ်းဆီးသိမ်းဆည်းနိုင်ခဲ့ပါတယ်
ထို့နောက် တာဝန်ရှိသူများသည် ကုန်ပစ္စည်းဖြန့်ချိမှုလမ်းကြောင်းကို သုံးလကျော်ကြာ လိုက်လံစစ်ဆေးခဲ့ပြီး ဘန်ခွန်ထီယံရပ်ကွက်အတွင်းရှိအဆောက်အဦးတစ်ခုတွင် Rosedee အသားမှုန့်၊ အချိုမှုန့်များအားတုပ ထုတ်လုပ်နေကြခြင်းအား လက်ပူးလက်ကြပ်ဖမ်းဆီးရမိခဲ့ပါတယ်။
စုံစမ်းရေးအဖွဲ့များက သက်သေအထောက်အထားများကို စုဆောင်းပြီး တည်နေရာ သုံးခုအတွက် ရှာဖွေရေးခွင့်ပြုမိန့်များကို ရယူနိုင်ခဲ့ပြီး၊ မတ်လ ၂၅ ရက်နေ့တွင် စောင့်ကြည့်စစ်ဆေးနေစဉ် လမ်းခွဲတစ်ခုမှ ထွက်ခွာလာသော သံသယရှိသည့် ဘောက်စ်ကားတစ်စီးကို တွေ့ရှိခဲ့ပြီး ယင်းမှတဆင့် ထိုအဖွဲ့အစည်း၏ လှုပ်ရှားမှုများကို ပိုမိုရှင်းလင်းစွာ ဖော်ထုတ်နိုင်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်

