အိန္ဒိယတွင် ဘွဲ့ကြိုကောလိပ်ဝင်ခွင့်စာမေးပွဲ ဖျက်သိမ်းခဲ့သည့်အပေါ် ကန့်ကွက်ဆန္ဒပြ

အာဏာပိုင်တွေက ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် မေးခွန်းတွေ ပေါက်ကြားနေတာကို တွေ့အပြီးမှာ အဓိက ဘွဲ့ကြိုကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖျက်သိမ်းလိုက်လို့ အိန္ဒိယအတိုက်အခံ ကွန်ဂရက်ပါတီရဲ့ ကျောင်းသားအဖွဲ့ဝင် ဒါဇင်ပေါင်းများစွာဟာ နယူးဒေလီမြို့တော်မှာ မေ ၁၂ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
ပြည်ထောင်စုအစိုးရရဲ့ နိုင်ငံလုံးဆိုင်ရာ စာမေးပွဲအေဂျင်စီ (NTA) က အင်္ဂါနေ့မှာ အရည်အချင်းပြည့်မီမှု ဝင်ခွင့်စာမေးပွဲ (ဘွဲ့ကြို) (NEET-UG) စာမေးပွဲကို ဖျက်သိမ်းခဲ့ပါတယ်။
လုပ်ငန်းစဉ်က မသန့်ရှင်းဘဲ စုံစမ်းစစ်ဆေးနေပြီး ရက်စွဲအသစ်ကို သတ်မှတ်မယ်လို့လည်း ပြောခဲ့ပါတယ်။
နယူးဒေလီမြို့တော်က ဆန္ဒပြသူတွေဟာ အဓိကအားဖြင့် အိန္ဒိယ အမျိုးသားကျောင်းသားများသမဂ္ဂ (NSUI) ကဖြစ်ပြီး ရဲတပ်ဖွဲ့ အတားအဆီးတွေပေါ်မှာ မတ်တတ်ရပ်ရင်း ပေါက်ကြားမှုတွေကို ရပ်တန့်ဖို့ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။
NSUI ဥက္ကဋ္ဌ ဗီနော့ဒ် ဂျာခါးက မေးခွန်းပေါက်ကြားမှုမှာ ပါဝင်ပတ်သက်သူတွေကို အပြင်းထန်ဆုံး အရေးယူဖို့ တိုက်တွန်းပါတယ်။
ဆန္ဒပြသူတွေက အစိုးရအပေါ် ယုံကြည်မှုမရှိကြောင်း ပြောခဲ့ပြီး ပညာရေးဝန်ကြီး ဓမန်ဒရာ ပရာဒန် နုတ်ထွက်ဖို့ တောင်းဆိုခဲ့ပါတယ်။
၂၀၂၄ ခုနှစ်က အိန္ဒိယနိုင်ငံရဲ့ တချို့နေရာတွေမှာ NEET မေးခွန်းတွေ အလားတူ ပေါက်ကြားခဲ့ပေမဲ့ စာမေးပွဲကို ပြန်ကျင်းပတာမျိုး မလုပ်ခဲ့ဖူးပါဘူး။
အိန္ဒိယနိုင်ငံတဝန်းက ကျောင်းသား ၂ ဒသမ ၃ သန်းလောက်ဟာ ဘွဲ့ကြိုဆေးပညာသင်တန်းတွေကို တက်ဖို့ မေ ၃ ရက်မှာ NEET စာမေးပွဲကို ဖြေဆိုခဲ့ကြပါတယ်။
#thutamyay#india
