Logo
Monday, November 9, 2026
Back to Home
International News

မင်းသမီးဒိုင်ယာနာ၏ နာမည်ကျော် “Revenge Dress” လေလံတင်ရောင်းချမည်

By Admin•September 14, 2026
မင်းသမီးဒိုင်ယာနာ၏ နာမည်ကျော် “Revenge Dress” လေလံတင်ရောင်းချမည်

ဗြိတိန်မင်းသမီး ဒိုင်ယာနာ ဝတ်ဆင်ခဲ့ပြီး “Revenge Dress” ဟု နာမည်ကျော်ခဲ့သည့် အနက်ရောင်ပိုးသားညနေခင်းဝတ်စုံကို ဒီဇင်ဘာ ၉ ရက်တွင် လေလံတင်ရောင်းချမည်ဖြစ်ပြီး တန်ဖိုး ပေါင် ၂၂၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃ သိန်းခန့်) အထိ ရရှိနိုင်ကြောင်း လေလံအဖွဲ့ Sotheby’s က ခန့်မှန်းထားသည်။

မင်းသမီးဒိုင်ယာနာသည် ထိုဝတ်စုံကို ၁၉၉၄ ခုနှစ်တွင် လန်ဒန်မြို့ Serpentine Gallery ၌ ကျင်းပသည့် ပွဲတစ်ခုသို့ တက်ရောက်ရာတွင် ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့တွင်ပင် ၎င်း၏ခင်ပွန်းဖြစ်သူ မင်းသားချားလ်စ်က အိမ်ထောင်ရေးအတွင်း ဖောက်ပြန်ခဲ့ကြောင်း ရုပ်မြင်သံကြားမှတ်တမ်းအစီအစဉ်တစ်ခုတွင် ဝန်ခံခဲ့ပြီးနောက် နာရီပိုင်းအကြာ၌ ဒိုင်ယာနာက အဆိုပါဝတ်စုံဖြင့် လူအများရှေ့သို့ ထင်ရှားစွာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

810022915_1382606266845284_3715547790968769740_n

ပခုံးလွတ် အနက်ရောင်ဝတ်စုံဖြင့် ဒိုင်ယာနာ၏ ထိုညက ရောက်ရှိလာမှုသည် ခေတ်ပြိုင်ယဉ်ကျေးမှုသမိုင်းတွင် အမှတ်ရဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပြီး “Revenge Dress” ဟု လူသိများလာခဲ့သည်။

Sotheby’s ၏ အဆိုအရ ယခုလေလံသည် ၁၉၉၇ ခုနှစ်နောက်ပိုင်း အဆိုပါဝတ်စုံကို ပထမဆုံးအကြိမ် ပြန်လည်လေလံတင်ခြင်းဖြစ်သည်။ ဒိုင်ယာနာသည် မသေဆုံးမီ လအနည်းငယ်အလို ၁၉၉၇ ခုနှစ်တွင် ၎င်းဝတ်ဆင်ခဲ့သည့် ဝတ်စုံ ၇၉ ထည်ကို လေလံတင်ရောင်းချခဲ့ပြီး ရရှိငွေများကို ပရဟိတလုပ်ငန်းများအတွက် လှူဒါန်းခဲ့သည်။

810449144_2036324240350203_7826482684370051490_n

Sotheby’s က ဖက်ရှင်သည် မိမိကိုယ်တိုင် ပြောဆိုလိုသည့် သတင်းစကားတစ်ရပ်အဖြစ် အသုံးချနိုင်ကြောင်း ဒိုင်ယာနာက နားလည်သဘောပေါက်ခဲ့ပြီး ထိုဝတ်စုံမှတစ်ဆင့် မိမိ၏ဘဝအပေါ် အများက ရေးသားဖော်ပြနေသည့် ဇာတ်ကြောင်းကို ကိုယ်တိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်ဟု ဆိုသည်။

BBC news

#ဒိုင်ယာနာ #celebrity #လေလံ #သုတမြေ