စစ်တပ်တွင် ပထမဆုံးအမျိုးသမီး စစ်ဦးစီးချုပ်အဖြစ် အသက် ၅၅ နှစ်ခန့် Susan Coyel အား ခန့်အပ်

Australia ၏ စစ်တပ်တွင် ပထမဆုံးအမျိုးသမီး စစ်ဦးစီးချုပ်အဖြစ် Susan Coyle ကို ခန့်အပ်လိုက်ကြောင်း ဧပြီ ၁၃ ရက်နေ့တွင် တာဝန်ရှိသူများက ထုတ်ပြန်ခဲ့ပြီး အသစ်ခန့်အပ်ခံရသည့် Susan Coyle သည် လက်ရှိ ဩစတေးလျစစ်တပ်၏ ပူးတွဲစစါဘကါ စွမ်းဆောင်ရညါ မြှင့်တင်ရေးဌာန၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသော Simon Stuart ၏နေရာတွင် အစားထိုး၍ တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ယင်းခန့်အပ်မှုသည် ဩစတြေးလျ စစ်တပ်သမိုင်းတွင် အရေးပါသည့် အပြောင်းအလဲတစ်ရပ်ဖြစ်ပြီး စစ်တပ်အတွင်း အမျိုးသမီးများ၏ ဦးဆောင်မှုအခန်းကဏ္ဍ တိုးတက်လာမှုကို ပြသနေပါတယ်။
ထို့ပြင် “Susan ၏ အောင်မြင်မှုသည် ယနေ့ Australian Defence Force တွင် တာဝန်ထမ်းဆောင်နေသော အမျိုးသမီးများနှင့် အနာဂတ်တွင် စစ်တပ်ဝင်ရောက်ထမ်းဆောင်ရန် စဉ်းစားနေသော အမျိုးသမီးများအတွက် အလွန်အရေးပါသော အဓိပ္ပာယ်ရှိလာမည်ဖြစ်သည်” ဟုလည်း တာဝန်ရှိသူများက ပြောကြားခဲ့ပြီး၊ Anthony Albanese ကလည်း သမိုင်းတလျှောက် ပထမဆုံးသော အမျိုးသမီး စစ်ဦးစီးချုပ်ကို ခန့်အပ်နိုင်ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
