Logo
Sunday, November 8, 2026
Back to Home
Entertainment

အီလွန်မက်စ် မိတ်ဆက်သည့် Tesla Roadster မျိုးဆက်သစ်၊ ဒုံးပျံနည်းပညာဖြင့် လေထဲ‌ေမာင်းနှင်နိုင်မည်

By Admin•October 17, 2026
အီလွန်မက်စ် မိတ်ဆက်သည့် Tesla Roadster မျိုးဆက်သစ်၊ ဒုံးပျံနည်းပညာဖြင့် လေထဲ‌ေမာင်းနှင်နိုင်မည်

Tesla ကုမ္ပဏီသည် SpaceX နှင့် ပူးပေါင်းဖန်တီးထားသည့် ဒုံးပျံတွန်းအားပေးစနစ်ပါဝင်သော လျှပ်စစ်ပြိုင်ကား Roadster မျိုးဆက်သစ်ကို ကြာသပတေးနေ့တွင် ထုတ်ဖော်ပြသခဲ့ပြီး ၂၀၂၈ ခုနှစ်တွင် စတင်ထုတ်လုပ်သွားမည်ဟု ကြေညာခဲ့သည်။

အဖြူရောင် လူနှစ်ဦးစီး Roadster သည် မျိုးဆက်သစ်ဒီဇိုင်းကို ပထမဆုံးပြသခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်အကြာမှ ယခုကဲ့သို့ ထပ်မံမိတ်ဆက်လာခြင်းဖြစ်သည်။

853805291_1982319732728368_1588548657337518083_n

မိတ်ဆက်ပွဲတွင် ကားသည် စုပ်ယူအားပေးစနစ်ကို အသုံးပြုကာ လမ်းကြောင်းပေါ်၌ ဇောက်ထိုးမောင်းနှင်ပြခဲ့သည့်အပြင် လေထဲသို့ ခုန်တက်ခြင်း၊ ကိုယ်ထည်လှည့်ပတ်ခြင်းနှင့် တွန်းအားပေးစနစ်များဖြင့် မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်ခြင်းတို့ကို သရုပ်ပြခဲ့သည်။ ထို့အပြင် ထရပ်ကားနှင့် အခြားယာဉ်များကို ကျော်တက်ကာ လေထဲတွင် လှည့်ပတ်သည့် လှုပ်ရှားမှုများကိုလည်း ပြသခဲ့သည်။

Tesla အမှုဆောင်အရာရှိချုပ် Elon Musk က Roadster သည် ဒုံးပျံတစ်စင်းကဲ့သို့ ပျံသန်းနိုင်ပြီး ထူးခြားသည့် လှုပ်ရှားမှုများကို ပြုလုပ်နိုင်မည်ဟု ပြောကြားခဲ့သည်။

853002449_1430185351970670_1580928720898017017_n

သို့သော် ကား၏ အမှန်တကယ်ထုတ်လုပ်မည့်ပုံစံ၊ ဈေးနှုန်းနှင့် ပို့ဆောင်မည့်အချိန်တို့ကို အသေးစိတ်ထုတ်ပြန်ခြင်း မရှိသေးပေ။ လေထဲသို့ ခုန်တက်နိုင်သည့် စွမ်းဆောင်ရည်များအပြင် လမ်းပေါ်တွင် တရားဝင်မောင်းနှင်နိုင်ရေးနှင့် ဘေးကင်းရေးစံနှုန်းများနှင့် ကိုက်ညီမှုရှိရေးတို့မှာလည်း စောင့်ကြည့်ရမည့်အချက်များဖြစ်သည်။

#သုတမြေ #သတင်းထူး #အီလွန်မက်စ် #ကား #teslamotors #elonmusknews