Logo
Sunday, November 8, 2026
Back to Home
Sports

UFC 331 တွင် Joshua Van က Alexandre Pantoja ကို အမှတ်ဖြင့် အနိုင်ရ

By Admin•September 20, 2026
UFC 331 တွင် Joshua Van က Alexandre Pantoja ကို အမှတ်ဖြင့် အနိုင်ရ

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင် ကျင်းပသည့် UFC 331 ၏ Flyweight ပြန်လည်ယှဉ်ပြိုင်ပွဲတွင် မြန်မာဖွား Joshua Van က ဘရာဇီးနိုင်ငံသား Alexandre Pantoja ကို ၅ ချီပြည့် ယှဉ်ပြိုင်ပြီး အမှတ်ပေးဒိုင် ၃ ဦးစလုံး၏ တညီတညွတ်တည်းဆုံးဖြတ်ချက်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

795254998_2019329292072373_9080893051803065149_n

ပြိုင်ပွဲမစတင်မီ Flyweight အဆင့်သတ်မှတ်ချက်တွင် Pantoja က အဆင့် ၁ နေရာရှိခဲ့ပေမယ့် Van က ပွဲတစ်လျှောက် ပိုမိုတိကျတဲ့ ထိုးချက်တွေနဲ့ တည်ငြိမ်တဲ့လှုပ်ရှားမှုတွေကို ပြသနိုင်ခဲ့တာကြောင့် ၂၅ မိနစ်ကြာပွဲအပြီး အမှတ်ပေးဒိုင် ၃ ဦးစလုံးရဲ့ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။

အရပ်အမြင့် ၁.၆၅ မီတာစီ တူညီကြပေမယ့် Pantoja ရဲ့ လက်လှမ်းအရှည် ၁.၇၀ မီတာရှိတာကြောင့် အကွာအဝေးထိန်းကာ ယှဉ်ပြိုင်နိုင်မယ့် အားသာချက်ရှိခဲ့ပါတယ်။ သို့သော် Van က ပွဲအရှိန်ကို ထိန်းချုပ်ပြီး အမှတ်ရစေမယ့် ထိုးချက်တွေကို ဆက်တိုက်ဖန်တီးနိုင်ခဲ့ပါတယ်။

818762263_1607198254215517_4061141706299171464_n

Pantoja ဟာ Brazilian Jiu-Jitsu ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ထိပ်တန်းအဆင့်ပြိုင်ပွဲအတွေ့အကြုံများစွာရှိသူဖြစ်ပေမယ့် Van က အဆုံးပိုင်းချီတွေမှာပါ တည်ငြိမ်စွာ ဆက်လက်ယှဉ်ပြိုင်နိုင်ခဲ့တာကြောင့် နောက်ဆုံးမှာ တညီတညွတ်တည်းအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

#အားကစား #လက်ဝှေ့ #သုတမြေ