Logo
Monday, November 9, 2026
Back to Home
Local News

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ၅၄၁ လုံး စာရင်းပေးထား

By Admin•September 30, 2026
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ၅၄၁ လုံး စာရင်းပေးထား

တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် ခုနစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ယခုနှစ် ပြိုင်ပွဲဝင်မီးပုံးပျံ စုစုပေါင်း ၅၄၁ လုံး စာရင်းပေးထားကြောင်း မီးပုံးပျံပွဲတော် ကျင်းပရေးဆပ်ကော်မတီထံမှ သိရသည်။

အဆိုပါ မီးပုံးပျံများအနက် ညလွှတ်မီးပုံးပျံ ၁၀၆ လုံး ပါဝင်ပြီး ညမီးကြီး ၆၇ လုံးနှင့် စိန်နားပန် ၃၉ လုံး ဖြစ်သည်။ နေ့လွှတ်မီးပုံးပျံများတွင် အရုပ်ခြေနှစ်ချောင်း ၂၂၉ လုံး၊ ခြေလေးချောင်း ၁၃၃ လုံးနှင့် အုပ်စု ၇၃ စု ပါဝင်သည်။

ပြိုင်ပွဲဝင် မီးပုံးပျံစာရင်းများကို စက်တင်ဘာ ၂၇ ရက်အထိ ကောက်ယူခဲ့ခြင်းဖြစ်ပြီး မီးပုံးပျံအလုံးရေများအပေါ်မူတည်၍ ပွဲရက်တိုးချဲ့ခြင်း ရှိ၊ မရှိကို ဆက်လက်ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ညမီးကြီးမီးပုံးပျံများအတွက် ခေါင်အချင်း ၂၅ ပေနှင့် ယမ်း ၄၀ ပိဿာ သတ်မှတ်ထားသည်။

829137377_1521337773350876_1654531801030726162_n

ဆုပေးပွဲနှင့် ပိတ်ပွဲကို နိုဝင်ဘာ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်မှာ ယခုနှစ်တွင် ၈၅ ကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။

827592326_1245327081115960_3459068860962111495_n

#သုတမြေ #တန်ဆောင်တိုင် #တောင်ကြီး #ပြည်တွင်းသတင်း #ပွဲတော်