Logo
Sunday, November 8, 2026
Back to Home
Sustainable Agriculture

မြေမပါဘဲ စိုက်ပျိုးခြင်းဆိုတာ ဘာလဲ။

By Admin•October 9, 2026
 မြေမပါဘဲ စိုက်ပျိုးခြင်းဆိုတာ ဘာလဲ။

ယေဘုယျအားဖြင့် အပင်တွေ စိုက်ပျိုးဖို့ဆိုရင် မြေကြီးလိုအပ်တယ်လို့ ကျွန်ုပ်တို့ ထင်မြင်တတ်ကြပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်မှာ နည်းပညာတိုးတက်လာတာနဲ့အမျှ မြေကြီးမရှိဘဲနဲ့လည်း အပင်တွေကို အောင်မြင်စွာ စိုက်ပျိုးနိုင်လာကြပါပြီ။

ဒီနည်းလမ်းကို Hydroponics လို့ ခေါ်ပါတယ်။ Hydroponics ဆိုတာ အပင်တွေကို မြေကြီးအစား အာဟာရဓာတ်တွေ ရောစပ်ထားတဲ့ရေကို အသုံးပြုပြီး စိုက်ပျိုးတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

အပင်တွေဟာ မြေကြီးကို တိုက်ရိုက်မလိုအပ်ပေမဲ့ ကြီးထွားဖို့အတွက် ရေ၊ အာဟာရဓာတ်၊ နေရောင်ခြည်နဲ့ အောက်ဆီဂျင်တို့ကိုတော့ လိုအပ်ပါတယ်။ သမားရိုးကျ စိုက်ပျိုးရေးမှာ မြေကြီးက အပင်ကို ထောက်ပံ့ပေးပြီး အာဟာရဓာတ်ရရှိဖို့ ကူညီပေးပါတယ်။ Hydroponics မှာတော့ ဒီလိုအပ်ချက်တွေကို စနစ်တကျ ဖြည့်ဆည်းပေးနိုင်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

ဒီနည်းလမ်းဟာ မြေယာမရှိသူတွေ၊ မြို့ပြမှာ နေထိုင်သူတွေ၊ အိမ်မှာ ဟင်းသီးဟင်းရွက်တွေ ကိုယ်တိုင်စိုက်ပျိုးချင်သူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

မြေမပါဘဲ စိုက်ပျိုးနိုင်တဲ့ နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။ နည်းလမ်းတစ်ခုချင်းစီမှာ ကိုယ်ပိုင်အားသာချက်တွေ ရှိကြပါတယ်။ ဒီအကြောင်းကို နောက်postမှာထပ်ပြီး sharing လုပ်ပေးသွားမှာဖြစ်ပါတယ်

#သုတမြေ#ModernAgriculture#crdphoto#llinois Extension — Growing Without Soil⁠