Logo
Sunday, November 8, 2026
Back to Home
Local News

YBS-57 ယာဉ်မောင်းနှင့် YBS-89 ယာဉ်မောင်းတို့အကြား အငြင်းပွားမှုဖြစ်စဉ်အတွက် GYCT က ပြည်သူများကို တောင်းပန်

By Admin•November 1, 2026
YBS-57 ယာဉ်မောင်းနှင့် YBS-89 ယာဉ်မောင်းတို့အကြား အငြင်းပွားမှုဖြစ်စဉ်အတွက် GYCT က ပြည်သူများကို တောင်းပန်

GYCT (Golden Yangon City Transportation Public Co., Ltd.) ၏ YBS-57 ယာဉ်မောင်းနှင့် အခြားကုမ္ပဏီပိုင် YBS-89 ယာဉ်မောင်းတို့အကြား အငြင်းပွားမှု ဖြစ်ပွားခဲ့သည့်အတွက် ခရီးသွားပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရခြင်းအပေါ် ကုမ္ပဏီက တရားဝင်တောင်းပန်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး နောင်တွင် ယခုကဲ့သို့ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် ယာဉ်မောင်းများ၏ စည်းကမ်းလိုက်နာမှု၊ အပြုအမူနှင့် တာဝန်ယူမှုများကို ယခင်ထက် ပိုမိုတင်းကျပ်စွာ ကြီးကြပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ခရီးသွားပြည်သူများ ယုံကြည်စိတ်ချစွာ သွားလာနိုင်ရေးနှင့် ပြည်သူများ၏ စိတ်ကျေနပ်မှုကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း GYCT က ထုတ်ပြန်ထားသည်။

သတင်းနှင့်ပုံ - GYCT

#သတင်းစုံ #သုတမြေ #ဘက်စ်ကား #YBS #ရန်ကုန်