ဆရာကြီး ရွှေဘုန်းမိုလ်၏ စနေသားသမီးများအတွက် တပတ်စာ ဟောစာတမ်း ပညာရေး: ယခုတပတ်အတွင်း သင်ယူလေ့လာမှုများတွင် စိတ်အာရုံပျံ့နှံ့မှု အနည်းငယ်ရှိနို
ဆရာကြီး ရွှေဘုန်းမိုလ်၏ စနေသားသမီးများအတွက် တပတ်စာ ဟောစာတမ်း
ပညာရေး:
ယခုတပတ်အတွင်း သင်ယူလေ့လာမှုများတွင် စိတ်အာရုံပျံ့နှံ့မှု အနည်းငယ်ရှိနိုင်ပါသည်။ အရေးကြီးသော စာရွက်စာတမ်းများကို သေချာစွာ ပြန်လည်စစ်ဆေးသင့်သည်။ သင်ကြိုးစားထားသမျှ အကျိုးရလဒ်ကို အပတ်နှောင်းပိုင်းတွင် မြင်တွေ့ရမည်။
ကျန်းမာရေး:
အိပ်ရေးပျက်ခြင်းနှင့် ခေါင်းကိုက်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ အစားအသောက် မမှန်ခြင်းကြောင့် အစာအိမ်နှင့် ပတ်သက်သော အနည်းငယ်သော ပြဿနာများ ကြုံရနိုင်သည်။ ရေနွေးသောက်ခြင်းနှင့် အနားယူခြင်းကို ပိုမိုဂရုစိုက်ပါ။
လူမှုရေး:
မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံတွေ့ရကိန်းရှိသည်။ သို့သော် မလိုအပ်သော အငြင်းပွားမှုများတွင် ဝင်ရောက်မိခြင်းကို ရှောင်ကြဉ်သင့်သည်။ မိသားစုအတွင်း သတင်းကောင်းတစ်ခု ကြားသိရနိုင်သည်။
စီးပွါးရေး:
ငွေကြေးဝင်ရောက်မှု ရှိသော်လည်း ထွက်ငွေလည်း များနိုင်ပါသည်။ ရင်းနှီးမြှုပ်နှံမှုအသစ်များကို အလျင်စလို မပြုလုပ်သင့်ပါ။ အလုပ်အကိုင်နှင့် ပတ်သက်၍ အခွင့်အရေးသစ်တစ်ခု ပေါ်ပေါက်လာနိုင်သည်။
အချစ်ရေး:
အချစ်ရေးတွင် နားလည်မှုလိုအပ်သော ကာလဖြစ်သည်။ ချစ်သူနှင့် စကားပြောဆိုရာတွင် စိတ်ရှည်မှုထားပါက ဆက်ဆံရေး ပိုမိုကောင်းမွန်လာမည်။ Single များအတွက် မိတ်ဆက်သစ်တစ်ခု ဝင်လာနိုင်သည်။
ကံကောင်းအရောင်:
ခရမ်းရောင် ၊ အပြာရောင်
ကံကောင်းနံပါတ်:
၂ ၊ ၇ ၊ ၉
ယတြာ:
စနေနေ့နံနက်ပိုင်းတွင် ဘုရား၌ ရေသပ္ပါယ် ၇ ခွက်ကပ်လှူပြီး “ဣတိပိသော” ဂုဏ်တော်ကို ၉ ပတ်ရွတ်ဖတ်ပေးပါ။ ကုသိုလ်ပြုလုပ်ခြင်းဖြင့် အညံ့များ လျော့ပါးစေမည်။
